Friday, October 23, 2009

စိတ်ကျန်းမာရေး၏သော့ချက်များ

1. အသိစိတ်ဖြင့်ထိန်းချုပ်မှု့ကိုလေ့ကျင့်ပါ။သင်၏စိတ်သည်ပြဿနာ တစ်ရပ်ရပ်ကြောင့်ပူပန်ခြင်း၊ကြောက်ရွံခြင်း၊သောကပွားခြင်း၊စိတ် အားငယ်ခြင်းဖြစ်လာလျှင်ယင်းစိတ်ကိုချက်ခြင်းရပ်ပစ်ပါ။ကောင်း သော စိတ်ခံစားမှု့ဖြစ်သည့်တည်ငြိမ်ခြင်း၊သာယာခြင်း၊ခံနိုင်ရည် သတ္တိ၊ဆုံး ဖြတ်ချက်၊စသည့်စိတ်များကိုမွှေးမြူပါ။
2. နေ့စဉ်နေ့တိုင်းအချိန်မလပ်ငါသည်ငါ၏သဘောထားနှင့်အတွေး အခေါ် တို့ကိုယခုအချိန်ကစပြီးတည်ငြိမ်ပျော်ရွင်စွာထားတော့အံ ဟုသတိရှိပါ။
3. အခြေအနေအားလုံးပြေပြစ်ချောမွှေ့နေလျှင်ပျော်ရွင်ချမ်းမြေ့နေမှု့ ၏အရ အသာကိုအပြည့်အ၀ခံစား၍ပျော်နေသောအချိန်တွင် မကောင်းသော အတွေးများမ၀င်ပါစေနှင့်။
4. အခြေအနေအဆင်မပြေဘဲပြသာနာများနှင့်ရင်ဆိုင်ရသောအခါ (က)ပျော်ရွင်မှု့ကိုမပျက်ပါစေနှင့်။အပြုံးမပျက်ပါနှင့်။ (ခ)ပြသာနာကိုအဖန်တလဲလဲတွေးပြီးကိုယ့်ကိုယ်ကိုသနားမနေ ပါနှင့်။ (ဂ)အရှုံးထဲမှအမြတ်ထွက်ပါစေ။ (ဃ)အောက်ပါစိတ်များကိုမွှေးမြူပါ။ တည်ငြိမ်ခြင်း၊ခံယူခြင်း၊သတ္တိဆုံးဖြတ်ခြင်း၊ပျော်ရွှင်တတ်ခြင်းနှင့် သာယာသိမ်မွှေ့ခြင်း။
5. အိမ်ထောင်ရေးအတွင်းမှာလိင်ကိစ္စနှင့်ပတ်သက်လျှင်အိမ်ထောင် ရေးအတွင်း မှာသာရှိပါစေ။ပြဿနာမဖြစ်အောင်နေရသည်က လွယ်ပါသည်။ ပြဿနာထဲ ကရုန်းထွက်နိုင်ရန်အလွန်ပင်ခဲယဉ်း ကြောင်းအစဉ်သတိရှိရမည်။
6. အိမ်ထောင်မပြုမီလိင်ကိစ္စကိုလမ်းပြောင်းမှန်သည်မှာတွေ့ ကရာလျှောက်လုပ် ခြင်းမဟုတ၊်အခြားကိုယ်ရေကိုယ်သွေးစွမ်းအင်တို့ ကိုရင့်ကျက်အောင်လေ့ကျင့် ပြီး ကောင်းသောဝါသနာတစ်ခုခု၌စိတ်ကို နှစ်မြုပ်ထားခြင်းဖြစ်သည်။
7. ကြင်နာထောက်ထားခြင်း၊နားလည်ခြင်း၊အတ္တမဆန်'ပရ'ဆန်ခြင်း၊ စုပေါင်းစည်းလုံးစိတ်ရှိခြင်း၊ချစ်ခင်နှစ်သက်တတ်ခြင်း၊စသော ရင့်ကျက်မှု့ တို့သည်အိမ်ထောင်ရေးလိင်ပြဿနာဖြေရှင်းရာတွင် အကောင်းဆုံးလက် နက်များပင်ဖြစ်ကြောင်းကို နားလည်သဘော ပေါက်ရမည်ဖြစ်သည်။
8. လွပ်လပ်မှု့နှင့်အတိအကျတာဝန်ယူတတ်မှု့ရှိပါစေ။
9. ရယူလိုသည်ထက်ပေးကမ်းလိုသောစိတ်သဘောထားပါ။
10. အတ္တဆန်သောယှဉ်ပြိုင်မှု့မှစည်းလုံးညီညာစွာဆောင်ရွက်လို သောစိတ်မွေးမြူပါ။
11. လိင်ကိစ္စအပေါ်လူမှု့ရေးပညတ်ချက်များကိုနားလည်ခံယူပြီး ပျော်ရွင်သောအိမ်ထောင်သည်တစ်ဦးဖြစ်နိုင်သောလိင်ကိစ္စ ဆိုင်ရာ အရည်အချင်းရှိသူတစ်ယောက်ဖြစ်ရန်ကြိုးစားပါ။
12. ရန်လိုမှု့၊ဒေါသ၊မုန်းတီးခြင်း၊ရက်စက်ခြင်းနှင့်ထောင်လွှားမောက် ကြွားခြင်း တို့ကိုပျော့ညံချက်ဟုခံယူပြီးညင်သာခြင်းကရုဏာနှင့်ကြင်နာ ပိုခြင်းတို့ကို အစွမ်းသတ္တိအဖြစ်သဘောပိုက်နိုင်ပါစေ။
13. လက်တွေ့အရှိစိတ်နှင့်စိတ်ကူးယဉ်ခြင်းကိုခွဲခြားသိရှိပါ။
14. အခြေအနေအရပ်ရပ်တွင်အရှိကိုအရှိအတိုင်းလက်ခံလိုက်ဖက် အောင်နေတတ်ပါစေ။
15. ရိုးရိုးနေပြီးသာမန်လက်လမ်းမီရာများတွင်ပျော်ရွင်နေတတ်ပါစေ။
16. မိသားစုအတွင်းတစ်ဦးနှင့်တစ်ဦးချစ်ခင်လေးစားအလေးထားပါ။
17. မိသားစုကိုပတ်ဝန်းကျင်နှင့်လိုက်ဖက်ညီထွေနေတတ်ပါစေ။
18. အရှုံးများထဲမှအမြတ်ထုတ်တတ်သောမိသားစုဖြစ်ပါစေ။
19. မိသားစုအတွင်းမေတ္တာတရားပွားများပါ။
20. သိမ်မွှေ့စွာပျော်ပျော်နေတတ်ပါ။
21. ကျိုးကြောင်းဆင်ခြင်မှု့ရှိပြီးတိကျစွဲမြဲသောစည်းကမ်းကိုသာယာ နာပျော်ဖွယ်ဖြစ်အောင်စည်းကမ်းထားပါ။
22. မိသားစုအတွင်းလုံခြုံမှု့နှင့်ယုံကြည်မှု့ပြည့်ဝပါစေ။
23. ယခုဆိုသောအချိန်တိုင်းတွင်"သာသာယာယာ"ဖြစ်အောင် နေတတ်ပါစေ။
24. ရိုးရိုးသားသားဘ၀ကိုနှစ်ခြိုက်ပါ။
25. သင့်ခန္ဒ္ဓ္ဓ္ဓာကိုယ်ကိုအမြဲစောင့်ကြည့်မနေပါနှင့်။
26. မိမိအလုပ်ကိုနှစ်ခြိုက်ပါ။
27. ကျေနပ်လွယ်သောစိတ်ကိုမွှေးပါ။
28. လူတွေကိုချစ်ခင်နှစ်သက်ပါ။
29. သာသာယာယာပျော်ပျော်ရွင်ရွင်ပြောဆိုတတ်အောင်လေ့ကျင့်ပါ။
30. အရှုံးထဲမှအမြတ်ထွက်အောင်လုပ်ဆောင်တတ်ပါ။
31. ပြဿနာကိုဆုံးဖြတ်ချက်နှင့်ရင်ဆိုင်ပါ။
32. ပစ္စက္ခကာလတွင်စိတ်ခံစားမှု့ပိုင်း၌အနိုင်ယူပါ။
33. အတွေ့အကြုံအသစ်အတွက်ပြင်ဆင်ပါ။
34. စိတ်အနှောက်အယှက်များကအနိုင်မယူပါစေနှင့်။ ဒေါက်တာအုန်းကျော်(အိမ်ထောင်သည်ဘ၀ဆေးပညာမှ.)

1 comment:

Anonymous said...

ကူးယူသွားပါတယ်ခင်ဗျာ

Post a Comment