Friday, October 23, 2009

ဘုရင်နှင့်သူတော်စင်

တစ်ချိန်ကနိုင်ငံတစ်နိုင်ငံမှာဘုရင်တစ်ပါးအုပ်စိုးမင်းလုပ်နေသော ရှင်ဘုရင်ကြီးတစ်ပါးရှိခဲ့ပါတယ်။အဲဒီဘုရင်ကြီးအုပ်စိုးမင်းလုပ်တဲ့နိုင်ငံ
မှာစိတ်မနှံသူတစ်ဦးကဲ့သို့သွားလာနေထိုင်သောသူတော်စင်တစ်ပါး
ရှိခဲ့ပါတယ်တဲ့။၎င်းသူတော်စင်ကြီးကနေစရာနေရာအတည်တစ်ကျမရှိဘဲ
သွားလာနေထိုင်ခဲ့တယ်။၎င်းပြင်ထိုသူတော်စင်ကြီးကဘုရင်ကြီးနဲ့လည်း အကျွမ်းတ၀င်ရှိတာကြောင့်ဘုရင်ကြီးကသူ့ကိုအမြဲနောက်ပြောင်လေ့ရှိခဲ့တယ်။ သူတော်စင်ကြီးကတော့သူရူးတစ်ဦးပမာဝတ်စားဆင်ယင်သော်လည်း အလွန်တရာမှတန်ဖိုးရှိတဲ့ဆုံးမစကားများကိုပြောဆိုလေ့ရှိတယ်။
ဒါကြောင့်ဘုရင်ကြီးကနန်းတွင်း ထဲအချိန်မရွေးဝင်ထွက်သွား
လာနိုင်အောင်ခွင့်ပြုထားတယ်။
တစ်နေ့မှာတော့သူတော်စင်ကြီးနန်းတွင်းထဲရှိသခိုက်မှာ
ဘုရင်ကြီးကမောင်းချဓား တစ်ချောင်းကိုင်ဆောင်ထားချိန်ဖြစ်တယ်။
ဘုရင်ကသူတော်စင်ကြီးကိုနောက်ပြောင်လိုသောသဘောဖြင့်.... မောင်မင်းကိုစကားတစ်ခွန်းပြောမယ်..ဟုအစချီကာ"ဤဇမ္ဘူတစ်ခွင်၌
မောင်မင်းထက် ပို၍အသိဥာဏ်တုံးသူတစ်ဦးတွေ့ခဲ့လျှင်ဤဓားကို
လက်ဆောင်အဖြစ်ပေးလိုက်ပါ".. ဟုကျီစယ်၍ပေးလိုက်သည်။ သူတော်စင်ကလည်းကောင်းပါပြီဟုဆိုကာဓားအားသိမ်း ဆည်းလိုက်သတဲ့..
ဘုရင်ကြီးပြောကြားလိုသောစကားမှာ"အသင့်ထက်ဥာဏ်တုံးသူနောက်
တစ်ယောက်မ ရှိပါ" ဟုပြောလိုခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေသူတော်စင်ကြီးကတော့ထိုမောင်းချဓားကိုယူဆောင်
၍ထွက်ခွါသွား လေသည်။ဤသို့ဖြင့်နှစ်ရှည်လများအတန်ကြာခဲ့ပြီး
နောက်,တစ်နေ့သောအခါဘုရင်ကြီးနေ ထိုင်မကောင်း ဖြစ်သဖြင့်သူတော်စင်ကြီးမှသွားရောက်၍သတင်းမေးရာ..ဘုရင်ကြီး၏
ကျန်းမာရေးမှာ အလွန်ဆိုးရွား နေပြီးသမားတော်ကြီးများဖြင့်ကုသသော်
လည်းသက်သာပျောက်ကင်းမှု့ မရှိပေ။ ထိုအခါသူတော်စင်ကြီးမှဘုရင်ကြီးအအား...
"အိုအရှင်မင်းကြီး,အခြေအနေမည်သို့ရှိပါသနည်း"ဟုလျှောက်တင်ရာဘုရင်ကြီးက "မကြာခင်ခရီးထွက်ရတော့မယ်"ဟုအဖြေပေးလေသည်။ သူတော်စင်မှ. "အဘယ်အရပ်သို့ထွက်မှာပါလဲ"ဟုမေးရာဘုရင်ကြီးက
"နောင်တမလွန်ခရီးစဉ်ဖြစ်ကြောင်း"ဖြေကြားသည်။ သူတော်စင်ကြီးမှ"ဘယ်နှစ်နှစ်ကြာမှာပါလဲ"ဟုထပ်မံ၍မေးရာဘုရင်ကြီးက "ဒါဟာတမလွန်ရဲ့ခရီးစဉ်ဖြစ်တယ်၊ထိုခရီးစဉ်ကိုသွားဖူးသည့်
သူတိုင်းပြန်ရောက်လာသည့်အစဉ်အလာမရှိပါ" ဟုဖြေပြန်လေ၏။
တစ်ဖန်သုတော်စင်ကြီးမှ "ကောင်းပါပြီအရှင်မင်းကြီး၊ယခုပြန်မလာတော့
ဘူးဆိုပါက-ထိုခရီးစဉ်အတွက်ကြိုတင်ပြင်ဆင်မှု့ဘာတွေများလုပ်ထားပါသလဲ"
ဟုမေးပြန်ရာ... (မှတ်ချက်..ယခင်ဘုရင်ကြီး၏ခရီးစဉ်တိုင်းတွင်ခရီးမထွက်မီ
အလျှင်ကြိုတင်ပြင်ဆင်မှု့ များနှင့်စစ်တပ်များကိုကြိုတင်၍စေလွတ်ထားလေ့ရှိသည်)။
ဘုရင်ကြီးက"ဤ(တမလွန်)ခရီးစဉ်အတွက်မည်သည့်စစ်တပ်၊မည်သည့် ပစ္စည်း၊ပစ္စယမှကြိုတင်ပြီးပို့၍မရသလိုကိုယ်နဲ့အတူသယ်ဆောင်သွား၍
လည်းမရပါ"ဟုဖြေလေ၏.. ထိုအခါသူတော်စင်က...
"အို....အရှင်မင်းကြီး"
"ကျွန်တော်မျိုးထံတွင်အရှင်မင်းကြီးအပ်နှံထားသည့်ပစ္စည်းတစ်ခုရှိ
ပါသည်။မင်းကြီးက ကျွန်တော်မျိုးထက်အသိဥာဏ်တုံးသူတွေ့ခဲ့လျှင်
ပေးလိုက်ပါဟု"အမိန်ရှိခဲ့ဘူးပါသည်။ ကျွန်တော်မျိုး...ဥာဏ်အတုံးဆုံး
သူကိုနေရာအနှံရှာဖွေသော်လည်း အရှင်မင်းကြီး ထက်ဥာဏ်တုံးသောသူ ရှာဖွေ၍မတွေ့ခဲ့ပါ။အဘယ်ကြောင့်ဆိုသော်အရှင်မင်းကြီးသည် ဤမျှတိုတောင်းလှသောလူ့လောကီခရီးစဉ်အတွက်.ရက်,လ,များ စွာကပင်ကြိုတင်ပြင်ဆင်မှု့များပြုလုပ်ခဲ့သည်ကို တွေ့မြင်ခဲ့ရပါသည်။သို့သော်,ယခုကဲ့သို့အလွန်ရှည်လျား၍ပြန်
လမ်းမရှိသော (နောင်တမလွန်)ခရီးစဉ်အတွက်ကြိုတင်ပို့ဆောင်မှု့,ဘာ
တစ်ခုမျှမပြုလုပ်ထားသည်ကို တွေ့မြင်ရသောကြောင့်အရှင်မင်းကြီးထက်
ပို၍အသိဥာဏ်တုံးသူ အခြားတစ်ယောက်မှမ တွေ့ရှိပါ၍ အရှင်မင်းကြီးကျွန်တော်မျိုးအားအပ်နှံထားသောမောင်းချဓားအားအရှင်
မင်းကြီးထံပြန်လည်၍ အပ်နှံလိုက်ပါသည်ဟုပြောကြားလိုက်လေသတည်း။

ဤအဖြစ်ကိုကြည့်ခြင်းအားဖြင့်သူလိုငါလိုစိတ်၊သူလိုငါလိုအတွေးအခေါ်

မျိုး၊နဲ့မပြီးဘဲ သာမန်စိတ်သဘောထက်မြင့်မြတ်တဲ့၊လူတစ်ယောက်ကို
ရေရှည်ပေါင်းသင်းကြည့်မှသာလျှင်သေပျော်၊နေပျော်သောလူ့
ဘောင်လောကကြီးဖြစ်ပါလိမ့်မယ်ဆိုတာနဲ့မိမိတို့ရဲ့မိသားစုနှင့်မိမိကျင်လည်ရာ ၀န်းကျင်မှာဘုရင်ကြီးကဲ့သို့လောကီ ကြီးကိုချည်းမလိုက်ဘဲ အရွယ်မရွေးမိမိယုံကြည်ကိုးကွယ်သောဘာသာတရားပေါ်မှာလည်း
အနည်းနဲ့အများကျင့် ကြံပွားများနိုင်ကြပါစေလို့ဆန္ဒပြုရင်း....

No comments:

Post a Comment